ဟောင်ကောင် နိုဝင်ဘာ ၂၆
ဟောင်ကောင်မြောက်ပိုင်းရှိ အထပ်မြင့်အဆောက်အအုံတစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ရာ ၁၃ ဦး သေဆုံးခဲ့ကြောင်း မီးသတ်အရာရှိများက ယနေ့ အတည်ပြုပြောကြားခဲ့သည်။
နိုဝင်ဘာ ၂၆ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီမထိုးမီအချိန်တွင် တိုင်ပိုခရိုင်ရှိ အထပ်မြင့်အဆောက်အအုံ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ပြောကြားသည်။
အဆိုပါ အထပ်မြင့်အဆောက်အအုံကြီးကို အဆောက်အအုံငယ်ရှစ်ခုဖြင့် ဖွဲ့စည်းထားပြီး လူနေခန်းပေါင်း ၂၀၀၀ ခန့်ရှိကြောင်း ဒေသခံမီဒီယာများက ပြောသည်။
အနက်ရောင် မီးခိုးငွေ့များနှင့် မီးတောက်များ ကောင်းကင်ယံသို့ တလိပ်လိပ်တက်နေသည်ကို မှတ်တမ်းတင်ဗီဒီယိုများတွင် တွေ့မြင်နိုင်သည်။ ဒေသစံတော်ချိန် ည ၇ နာရီအထိ မီးမငြိမ်းသေးကြောင်း ဒေသခံများက ပြောကြားသည်။
မီးငြှိမ်းသတ်ရန် အစွမ်းကုန်ကြိုးစားလျက်ရှိပြီး ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်လျက်ရှိကြောင်း မီးငြှိမ်းသတ်ရေးတာဝန်ရှိသူများက ပြောကြား သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


