ဟိုပင် ၂၈ ဖေဖော်ဝါရီ      

                             

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေ ချစ်မြတ်နိုးသူများအသင်းတို့  ပူးပေါင်း၍  အခြေခံကဗျာရေးနည်း၊ စာစီစာကုံးရေးသားနည်း သင်တန်းကို ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre   တွင် ကျင်းပခဲ့ကြောင်း သိရသည်။ 

 

သင်တန်းကို နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသားကျောင်းသူများ အချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန်၊ အခြေခံ ကဗျာရေးနည်း၊ စာစီစာကုံးရေးသားနည်းကို သိရှိအသုံး ချတတ်စေရန်၊ ကဗျာအရေးအသားနှင့် အလင်္ကာများ ရသခံစားမှုများ သိရှိစေရန်၊ မြန်မာစာ ဝေါဟာရ ကြွယ်ဝစေရန်၊ ဘဝ အတွေ့အကြုံနှင့် ရင်တွင်းခံစားချက်များကို ပေါင်းစပ်၍ လှပသော စကားလုံးများဖြင့် ဖွင်ဟတင်ပြရန်၊ မြန်မာကဗျာ ဖွဲ့ဆိုရေးသားမှု တိမ်မြုပ်ပျောက်ကွယ်ခြင်း မရှိစေရန် နှင့် ဆက်လက် ထိန်းသိမ်းကြစေရန် ရည်ရည်၍ ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ကြောင်း သိရသည်။ 


 
အဆိုပါ သင်တန်းတွင်စာပေချစ်မြတ်နိုးသူများ အသင်းဝင် စာရေးဆရာမ စောငယ်ငယ်(မိုးညှင်း) က အခြေခံ ကဗျာရေးနည်း၊ စာစီစာကုံး ရေးသားနည်းကို သင်တန်းသား ကျောင်းသားကျောင်းသူ  ၃၆ ဦးကို ရက်သတ္တတစ်ပတ်ကြာ သင်ကြားပို့ချ  သွားမည်ဖြစ်ကြောင်း ဟိုပင်မြို့နယ်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။ 

 

MDN