ဟိုပင် ၁၄ ဖေဖော်ဝါရီ              

            

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ဟိုပင် အမှတ် ၉၃ စက်မှုလယ်ယာစခန်းခွဲ စက်မှုလယ်ယာ ဦးစီးဌာနမှ ကြီးမှူး  ဖွင့်လှစ်သည့် လယ်ယာသုံး စက်ကိရိယာ  မောင်းနှင်ထိန်းသိမ်းမှု  အခြေခံသင်တန်း ၁/ ၂၀၁၉ ဖွင့်ပွဲအခမ်း အနားကို ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၁၀ နာရီက စက်မှုလယ်ယာဦးစီးဌာန အမှတ် ၉၃ စက်မှုလယ်ယာ စခန်းခွဲ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

 

1133..

 

၄င်းအခမ်းအနားတွင် ဟိုပင်မြို့ အုပ်ချုပ်ရေး ဦးမြတ်မင်းမောင်က အမှာစကား ပြောကြားပြီး သမဝယမဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးတင့်လွင်က စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍ စက်မှုလယ်ယာစနစ် အသွင်ကူးပြောင်းရေး ဆိုင်ရာများကို လည်းကောင်း၊ ကျေးရွာများတွင် လုပ်သား အင်အားရှားပါးပြီး ရာသီဉတုဖောက်ပြန် လာခြင်းကြောင်း သီးနှံများ အချိန်မီ ထွန်ယက် စိုက်ပျိုးနိုင်ရန်အတွက် လယ်ယာသုံး စက်ကိရိယာများအား ကိုင်တွယ်မောင်းနှင်နိုင်ရန်နှင့် ပြုပြင် ထိန်းသိမ်းနိုင်ရန်အတွက် လိုအပ်သော ကျွမ်းကျင်စက်မောင်း စက်ပြင်လုပ်သားများ တိုးတက်လာစေရန်၊ လက်ထွန်စက်၊ ထွန်စက်ကြီး၊ စပါးရိတ်သိမ်းချွေလှေ့စက်များ ကျွမ်းကျင် မောင်းနှင်ပြုပြင် ထိန်းသိမ်း တတ်စေရန် ရည်ရွယ်၍ ဤသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးမင်းမင်းဇော်က ရှင်းလင်း ပြောကြားခဲ့သည်။

 

၄င်းသင်တန်းသို့ မြို့ပေါ် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၂ အုပ်စုတို့မှ သင်တန်းသား ၃၀ ဦးတို့အား ၁ လုံးထိုး လက်တွန်း ထွန်စက် အင်ဂျင်အမျိုးမျိုး၊ ဂီယာဘောက် အမျိုးမျိုး၊ Sonalika  ၄ လုံးထိုး မြင်းကောင် ရေ -၉၀၊ KUBOTA –Cobime DC- 70G  စပါးရိတ်စက်တို့ကို ပြင်ဆင် ထိန်းသိမ်းရေး လုပ်ငန်းများကို ၁၀ ရက် ကြာ စာတွေ့လက်တွေ့ သင်ကြား ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

 

ဤသင်တန်းသည်  တစ်နှစ် ၂ ကြိမ် ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကို တက်ရောက်ရခြင်းကြောင့် များစွာ အကျိုးရှိကြောင်း၊ မိမိဒေသ လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချ နိုင်မည်ဖြစ်ကြောင်း သင်တန်းသား တစ်ဦးက ပြောကြားခဲ့သည်။

 

( တိုးတိုးမေ-ဟိုပင်)