ဂျေရုဆလင်    ဩဂုတ်    ၂၅

ဟဇ်ဘိုလာအဖွဲ့  လက်နက်ချပါက  လက်ဘနွန်နိုင်ငံတောင်ပိုင်းမှ  အစ္စရေးတပ်ဖွဲ့များကို  ရုပ်သိမ်းပေးမည်ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ရုံးက ဩဂုတ် ၂၅ ရက်တွင်  ပြောကြား သည်။

ယခုနှစ်ကုန်တွင် လက်နက်များအား နိုင်ငံတော်ထိန်းချုပ်မှုအောက်တွင် ထားရှိရေးအတွက် လက်ဘနွန်အစိုးရ၏ ဆုံးဖြတ်ချက်အား ကြိုဆိုကြောင်းနှင့် ၎င်းဆောင်ရွက်ချက်သည် အရေးပါသည့် ဆုံးဖြတ်ချက်ဖြစ်ကာ   လက်ဘနွန်နိုင်ငံ၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း ယင်းရုံးက ပြောကြားသည်။ 

လက်ဘနွန်တပ်မတော်က လက်နက်ဖျက်သိမ်းရေးလုပ်ငန်းစဉ်ကို   အကောင်အထည်ဖော်မည်ဆိုပါက  ၎င်း၏  စစ်အင်အားကို လျှော့ချခြင်းအပါအဝင် ဖြေလျှော့ခြင်းများကို အစ္စရေးက  ဆောင်ရွက်မည်ဖြစ်ကြောင်း  အဆိုပါရုံးက  ပြောကြားခဲ့သည်။

လက်ရှိအချိန်သည်   အစ္စရေးနှင့် လက်ဘနွန် နှစ်နိုင်ငံစလုံးအတွက် ဟစ်ဇ်ဘိုလာအဖွဲ့  လက်နက် ဖြုတ်သိမ်းရေးနှင့် တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့ကို မြှင့်တင်ရန် ပူးပေါင်းဆောင်ရွက် မှုစိတ်ဓာတ်ဖြင့်  ရှေ့သို့ချီတက်ရမည့် အချိန်ဖြစ်သည်ဟု  ၎င်းရုံး၏   ထုတ်ပြန်ချက်အရ   သိရသည်။       ယခုအစ္စရေး၏ ကြေညာချက်သည် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအား အမေရိကန်အထူးကိုယ်စားလှယ် တွန်ဗာရက်တွေ့ဆုံခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ၎င်းသည်  ဟဇ်ဘိုလာအဖွဲ့ လက်နက်ဖျက်သိမ်းရေးအတွက် တွန်းအားပေးနေသူဖြစ်သည်။             

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ