ဟနွိုင်း နိုဝင်ဘာ   ၂၃

၂၀၂၅ ခုနှစ်  နိုင်ငံတကာအစားအစာယဉ်ကျေးမှုပွဲတော်ကို ဗီယက်နမ်နိုင်ငံ  ဟနွိုင်းမြို့၌ နိုဝင်ဘာ ၂၂ ရက်မှ ၂၃ ရက်အထိ ကျင်းပပြီး ကမ္ဘာတစ်ဝန်းမှ အစားအစာချက်ပြုတ်ပြင်ဆင်မှု အနုပညာများကို ပြောင်မြောက်စွာပြသခဲ့သည်။

နှစ်စဉ်ကျင်းပပေး

“ကမ္ဘာ့တိုက်ကြီးငါးတိုက်ဆီသို့   ခရီးနှင်ခြင်း- အရသာခရီးစဉ်”  ဟူသည့်  ဆောင်ပုဒ်ဖြင့်   ကျင်းပသည့် အဆိုပါပွဲတော်ကို ဗီယက်နမ်နိုင်ငံခြားရေး ဝန်ကြီးဌာနလက်အောက်ရှိ  သံတမန်များဆိုင်ရာ ဝန်ဆောင်မှုဌာနက နှစ်စဉ်ကျင်းပပေးလျက်ရှိသည်။

အစီအစဉ်များစွာရှိ

ယခုနှစ်ပွဲတော်တွင် အစီအစဉ်များစွာရှိပြီး ယဉ်ကျေးမှုဖလှယ်ရေး၊ အပြည်ပြည်ဆိုင်ရာစည်းလုံးညီညွတ်မှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တန်ဖိုးများကို အလေးပေးဖော်ဆောင်ထားသည်။

ဧည့်သည် ၂၀၀၀၀ ခန့် တက်ရောက်

အဆိုပါပွဲတော်တွင် သံရုံး ၅၀ မှ ပြခန်း ၁၂၈ ခန်း၊ ဒေသခံသံတမန် အဖွဲ့အစည်း  ၂၀  နှင့်   နိုင်ငံခြားရေးဝန်ကြီးဌာန၏   ဌာနခွဲရှစ်ခုတို့က   ပါဝင်ပြသခဲ့ရာ  စီးပွားရေးလုပ်ငန်းရှင်များနှင့်  အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများအပါအဝင် ဧည့်သည် ၂၀၀၀၀ ခန့် တက်ရောက်ခဲ့ကြသည်။                

ဆင်ဟွာ