ဟုမ္မလင်း ဒီဇင်ဘာ ၁၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းလေ့ကျင့် ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (ဟုမ္မလင်း)၏ ဒုတိယအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက်က အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။
ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းလှိုင်ငြိမ်းက ဒီပလိုမာအပ်နှင်းသဘင်မိန့်ခွန်းပြောကြားပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် စိုက်ပျိုးရေး ဒီပလိုမာပြီးမြောက် သူများအား တန်းစဉ်ပေါင်းဆုများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးစိုက်ပျိုး ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိန်မောင်၊ ဟုမ္မလင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲဝင်း၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်၊ ဟုမ္မလင်း စိုက်သိပ္ပံ ကျောင်းအုပ်ကြီး ဦးသန့်ဇင်၊ ဒီပလိုမာရ မောင်မယ်များ၊ ကျောင်းသားမိဘများနှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ယင်းနောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းသဘင်ကို ဆက်လက်ကျင်းပရာ ဟုမ္မလင်း စိုက်သိပ္ပံကျောင်းအုပ်ကြီး ဦးသန့်ဇင်က ဒုတိယအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာ တက်ရောက်သူ ၄၃ ဦးနှင့် အဝေးရောက်ယူ ၂၅ ဦး စုစုပေါင်း ၆၈ ဦးအား အပ်နှင်းပေးခဲ့ကြကြောင်းနှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် တက်ရောက်သူ ခုနစ်ဦးရှိကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)


