တုပ်ကွေးဆိုသည်မှာ အဖြစ်များသော အသက်ရှုလမ်းကြောင်း ဗိုင်းရပ်စ်ကူးစက်မှု တစ်မျိုးဖြစ်ပါသည်။ နှစ်စဉ် တုပ်ကွေးဖြစ်မှုပေါင်း ၁၀-၁၅ ရာခိုင်နှုန်းရှိပြီး လူပေါင်း ၂၅၀ဝ၀ဝ- ၅၀ဝ၀ဝ၀ လောက် ရောဂါခံစားနေကြပါသည်။ တုပ်ကွေးသည် လျင်မြန်စွာ စတင်ဖြစ်ပွားပြီး ၇-၁၀ ရက်အတွင်း ပျောက်သွားနိုင်ပါသည်။ အထူးသဖြင့် အဆင့်မြင့်သော တုပ်ကွေးရောဂါပိုး ကူးစက်သောသူများတွင် အန္တရာယ် ရှိနိုင်ပါသည်။


လူအတော်အများတွင် တုပ်ကွေးသည် ရုတ်တရက် စဖြစ်တတ်ပြီး ၇-၁၀ လောက် ကြာကာ ပျောက်ကင်းသွားပါသည်။ လူအများသည် လုံးဝပြန်လည်ကျန်းမာလာပါ သည်။ သို့သော်လည်း အသက်ကြီးသူများ၊ အလွန်ငယ်သူများနှင့် ကိုယ်ခံအား အားနည်းသူများတွင် ပြင်းထန်နိုင်ပြီး ဆိုးကျိုးများကြောင့် သေဆုံးနိုင်ပါသည်။


Influenza (တုပ်ကွေးမိခြင်း ) က ဘယ်လောက်အဖြစ်များသလဲ


တုပ်ကွေးသည် အလွန်အဖြစ်များပြီး အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါသည်။ အရွယ်ရောက်ပြီးသူတစ်ဦးသည် တစ်နှစ်လျှင် တုပ်ကွေးအနည်းဆုံး ၂-၃ ခါဖြစ်နိုင်ပြီး ကလေးများတွင် တစ်နှစ်လျှင် အနည်းဆုံး ၆-၇ ခါ ဖြစ်နိုင်ပါသည်။ တုပ်ကွေးသည် ဆောင်းဦးရာသီတွင် အဖြစ်အများ ဆုံးဖြစ်ပါသည်။ တုပ်ကွေးရာသီဟု ခေါ်ပါသည်။ အန္တရာယ်ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် တုပ်ကွေး ဖြစ်ပွားခြင်းကို လျော့ချနိုင်ပါသည်။ ပိုမိုသော အချက်အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။


လက္ခဏာများ


Influenza (တုပ်ကွေးမိခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ
တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ပြီး ၂၄-၄၈ နာရီအတွင်း တုပ်ကွေး၏ ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါသည်။ ရောဂါလက္ခဏာများသည် ၃-၅ ရက်ကြာနိုင်ပါသည်။ 


တုပ်ကွေး၏ ရောဂါလက္ခဏာအချို့မှာ-


ခေါင်းကိုက်ခြင်း


အပူချိန် ၄၀ ဒီဂရိစင်တီဂရိတ် အထိ အဖျားတက်ခြင်း


ခန္ဓာကိုယ် ချမ်းတုံခြင်း


ကြွက်သားများ နာကျင်ကိုက်ခဲခြင်း


အားနည်းခြင်း၊ မောပန်းခြင်း


နှာပိတ်ခြင်း


လည်ချောင်းနာခြင်း


ချောင်းဆိုးခြင်း


အလင်းတောက်တောက်ကို မကြည့်နိုင်ခြင်း


အချို့တုပ်ကွေး ဗိုင်းရပ်စ်များသည် ဝမ်းသွားခြင်းနှင့် အော့အန်ခြင်းကို ဖြစ်စေသည်။ အထူးသဖြင့် အရွယ်ရောက်ပြီးသူများတွင် ဖြစ်သည်။


အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသည်။ 


အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်သင့်ပါသည်။


ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ


သင့်တွင် တုပ်ကွေးလက္ခဏာများရှိပါက ဆရာဝန် နှင့် ချက်ချင်း ဆက်သွယ်ပါ။ ရောဂါလက္ခဏာများကို စသတိပြု မိပြီး ၄၈နာရီအတွင်း ဗိုင်းရပ်စ်ကာကွယ်ဆေးများ သောက်ခြင်းသည် အဖျားရှည်ခြင်းကို လျော့ချပေးပြီး ပြင်းထန်သော ပြဿနာများကို ကာကွယ်ရန် ကူညီပေးပါသည်။


အကြောင်းရင်းများ


Influenza (တုပ်ကွေးမိခြင်း ) ကိုဘာတွေကဖြစ်စေသလဲ


တုပ်ကွေးသည် ဗိုင်းရပ်စ်များကြောင့် ဖြစ်ပွားပါသည်။ ဗိုင်းရပ်စ်များကို အမျိုးအစား A,B,C ဟု ခွဲခြားထားပါသည်။ အမျိုးအစား A သည် အဖြစ်အများဆုံးဖြစ်ပါသည်။ အခြား တုပ်ကွေး ဗိုင်းရပ်စ် အမျိုးအစားများမှာ ဝက်တုပ်ကွေး (H1N1), ငှက်တုပ်ကွေး (H5N1,H7N9) အစရှိသည်တို့ ဖြစ်ပါသည်။


ဗိုင်းရပ်စ်ပါသော လေကိုရှူမိခြင်းဖြင့် တုပ်ကွေးကူးခံရ ပါသည်။ ရောဂါပိုးရှိသော ပစ္စည်း သို့မဟုတ် တိရစ္ဆာန်ကို ထိတွေ့ခြင်းဖြင့် ဗိုင်းရပ်စ်များ ကူးစက်ခံရပါသည်။ တုပ်ကွေး ဗိုင်းရပ်စ်သည် ကူးစက်ခံရသောသူ ချောင်းဆိုးလိုက်သော နှာချေလိုက်သော ရေမှုန်ထဲတွင်လည်း ပါဝင်လာနိုင်ပါသည်။ ကူးစက်ခံရသော တိရစ္ဆာန် အသားကို စားခြင်းဖြင့်လည်း တုပ်ကွေးကူးနိုင်ပါသည်။


Risk factors


ငါ့ဆီမှာ Influenza (တုပ်ကွေးမိခြင်း ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ


တုပ်ကွေးဖြစ်နိုင်ချေကို မြင့်စေသော အချက်များစွာ ရှိ ပါသည်။ သင်သည် ဗိုင်းရပ်စ်ရှိသော ပတ်ဝန်းကျင်နှင့် မကြာ ခဏ ထိတွေ့ရပါက သို့မဟုတ် သင့်တွင် ကိုယ်ခံအားစနစ် အားနည်းနေပါက တုပ်ကွေးကူးရန် ဖြစ်နိုင်ချေ မြင့်ပါသည်။ တုပ်ကွေးဖြစ်နိုင်ချေကိုမြင့်စေသော အချက်အချို့မှာ-


အသက်။ ငါးနှစ်အောက် ကလေးများ။ အထူးသဖြင့် ၂ နှစ်အောက် ကလေးများ။ အသက် ၆၅ နှစ်ကျော် သူများ။


နေထိုင်မှုအခြေအနေ။ ဘိုးဘွားရိပ်သာ၊ စစ် တန်းလျား များနှင့် သီးသန့်နေရာများတွင် နေထိုင်သောသူများ ကိုယ်ခံအားစနစ် အားနည်းခြင်း။ ကင်ဆာကုသမှု များ၊ ခန္ဓာကိုယ်မှ တိုက်ထုတ်ခြင်းကို တားသော ဆေးများ၊ corticosteroids ဆေးများနှင့် HIV/AIDS တို့သည် ကိုယ်ခံအားစနစ်ကို ကျဆင်းစေပါသည်။ ထိုအခါ တုပ်ကွေးရရန် လွယ်ကူပြီး ဆိုးကျိုးများ ဖြစ်ရန်လည်း အခွင့်အရေးများလာပါသည်။


နာတာရှည်ရောဂါများ။ ပန်းနာရင်ကျပ်၊ ဆီးချိုသွေး ချို နှင့် နှလုံးရောဂါစသော နာတာရှည် ရောဂါများ သည်လည်း တုပ်ကွေး၏ ဆိုးကျိုးများကို မြင့်တက်စေပါသည်။


ကိုယ်ဝန်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် တုပ်ကွေးရရန် အခွင့်အရေးပိုများပါသည်။ အထူးသဖြင့် ကိုယ်ဝန် သုံးလနောက်ပိုင်းတွင် ပိုဖြစ်ပါသည်။
အဝလွန်ခြင်း။ အရပ်နှင့် ကိုယ်အလေးချိန် အညွှန်း (BMI) ၄၀ နှင့် အထက်ရှိသော အလွန်ဝသော သူများသည် တုပ်ကွေးမှ ဆိုးကျိုးများရရန် အခွင့် အရေး မြင့်မားပါသည်။


ရောဂါအဖြေရှာခြင်းနှင့် ကုသမှု


ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။


Influenza (တုပ်ကွေးမိခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ


တုပ်ကွေးသည် အများအားဖြင့် သူ့အလိုလို ပျောက်ကင်း ပါသည်။  

အဖျားတက်ခြင်း နှင့် မောပန်းနွမ်းနယ်ခြင်း စသော ရောဂါလက္ခဏာများကို သတိပြုခြင်းဖြင့် တုပ်ကွေးရကြောင်း သိနိုင်ပါသည်။ တုပ်ကွေးဗိုင်းရပ်စ်ကို Flu Test (Rapid Flu Test and Influenza Antigen Test) ဖြင့် ဖော်ထုတ်နိုင် ပါသည်။ ဤစစ်ဆေးခြင်းကို တုပ်ကွေးရာသီတွင် ကူးစက်မှု ထိန်းချုပ်ရန် အသုံးပြုကြပါသည်။ ဤစစ်ဆေးမှုတွင် နှာစေး နေသော နှာခေါင်းမှ နှာရည်ယူခြင်း သို့မဟုတ် သွေး နမူနာ ယူခြင်းတို့ ပြုလုပ်ရသည်။ တုပ်ကွေး၏ ဆိုးကျိုးတစ်ခု ဖြစ်သော အဆုတ်နာရောဂါကို စစ်ဆေးရန် ရင်ဘတ်အား ဓာတ်မှန်ရိုက်ခြင်း ပြုလုပ်နိုင်ပါသည်။


ဗိုင်းရပ်စ်ပိုးစစ်ဆေးခြင်းသည် ဆေးရုံတက်နေသော လူနာ များတွင် လုပ်ဆောင်ပါသည်။ ကိုယ်ခံအားနည်းသူများ နှင့် ရောဂါဆိုးကျိုးများ ခံစားရနိုင်သူများတွင် ပြုလုပ်ပါသည်။ ရပ်ကွက်အတွင်းတွင် တုပ်ကွေးဖြစ်ပွားပါက ကျန်းမာရေး ပညာရှင် များသည် ရောဂါအဖြေရှာ အတည်ပြုရန် Flu test လုပ်ရန် စီစဉ်ပြီး တတ်နိုင်သော ဗိုင်းရပ်စ်ကာကွယ်ကုသမှု ကို ပြုလုပ်ရမည်ဖြစ်သည်။


Influenza (တုပ်ကွေးမိခြင်း ) ကို ဘယ်လိုကုသပါသလဲ


တုပ်ကွေးဖြစ်သူအများစုသည် အိမ်တွင် ကုသ၍ ဆရာဝန် သွားပြရန် မလိုအပ်ပါ။ အနားယူခြင်းသည် အ ကောင်းဆုံး ကုသမှုဖြစ်သည်။ လူအတော်အများသည် တုပ်ကွေးကို ပဋီဇီဝဆေးများဖြင့် ကုသ၍ ရသည်ဟု အထင် မှားနေကြပါသည်။ ပဋီဇီဝ ဆေးများသောက်ခြင်း သည် တုပ် ကွေးသက်သာ မလာစေသည့်အပြင် ပဋီဇီဝဆေး ခုခံခြင်း ကိုပါ ဖြစ်စေပါသည်။


ရောဂါလက္ခဏာသည် သင့်အား မသက်သာမှု ဖြစ်စေပါ က ဆရာဝန်အား ရောဂါလက္ခဏာတစ်ခုချင်းကို သက်သာ စေသော ဆေးများသောက်ရန် မေးနိုင်ပါသည်။ ထိုဆေး အချို့ကို သင်ကိုယ်တိုင် အလွယ်တကူ ဝယ်ယူနိုင်ပါသည်။ 
acetaminophen, ibuprofen စသော non-aspirin ဆေး များကို နာကျင်ခြင်းသက်သာရန်၊ ချောင်းဆိုးပျောက် ဆေးရည်ကို လည်ချောင်းနာခြင်းနှင့် ချောင်းဆိုးခြင်း သက် သာရန် နှင့် နှာပိတ်ပျောက်ဆေးများကို နှာပိတ်ခြင်း ပျောက် ရန် အသုံးပြုနိုင်ပါသည်။


အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများသည် တုပ်ကွေးကို ထိန်းချုပ်နိုင်ပါသည်။


အရည်အများအပြားသောက်ခြင်းသည် အဖျားကြောင့် ရေဓာတ်ခန်းခြောက်ခြင်းကို ထိန်းသိမ်းရန် အကောင်းဆုံးနည်း ဖြစ်ပါသည်။


ရေနွေးဖြင့် ရေချိုးခြင်းသည် ကြွက်သားများကို ပြေလျော့စေပြီး ကြွက်သားနာကျင်ခြင်းကို လျော့နည်း စေပါသည်။


အိမ်တွင် ရေခိုးရေငွေ့စက် ရှိခြင်းသည် အသက်ရှူ ရလွယ်အောင်ပြုလုပ်ပေးပါသည်။


ဆားရေနွေးဖြင့် ပလုတ်ကျင်းခြင်း၊ ပါးစပ်ဆေးခြင်း သည် လည်ချောင်းနာခြင်းကို သက်သာစေပါသည်။


တုပ်ကွေးကူးခြင်းနှင့် အခြားလူများသို့ ပျံ့နှံ့ခြင်းအား ကာ ကွယ်ရန် အောက်ပါ အချက်အချို့ကို ပြုလုပ်သင့်ပါသည်။


တုပ်ကွေးကာကွယ်ဆေး ထိုးခြင်း။ တုပ်ကွေး ကာကွယ်ရန် အကောင်းဆုံးနည်းသည် ဗိုင်းရပ်စ် အတွက် ကိုယ်ခံအား တည်ဆောက်ထားခြင်း ဖြစ်သည်။
တစ်ကိုယ်ရည်သုံးပစ္စည်းများကို မျှဝေသုံးစွဲခြင်းကိုရှောင်ကြဉ်ပါ။


တုပ်ကွေးရှိပါက အထူးသဖြင့် မျက်နှာမကိုင်ခင်၊ အများသုံးပစ္စည်းများကို ထိပြီးနောက် လက်သန့် စင် ဆေးရည်ကို အသုံးပြုပါ။


အပြင်ထွက်ပါက မျက်နှာဖုံး ဝတ်ပါ။ ချောင်းဆိုး၊ နှာချေသောအခါ ပါးစပ်ကို အုပ်ထားပါ။


ရေးသားသူ - Dr. Zin Wai Yan Lin


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. K Zin Thwe


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”