ဇီးကုန်း ဒီဇင်ဘာ ၈

 

ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၌ ကျင်းပသည်။

 

အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဆွေဝင်းက အဖွင့်အမှာစကားပြောကြားပြီး ဇီးကုန်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မိုးက သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာများကို ပရိုဂျက်တာဖြင့် အသိပညာပေးဟောပြောခဲ့ကာ ကျောင်းသား ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ကြသည်။ ထို့နောက် ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာဦးက စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းကို အသိပညာပေးဟောပြောသည်။

 

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ သစ်တောဦးစီးဌာနနှင့် ပြန်/ဆက်ဦးစီးဌာနတို့မှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ အထက(မြို့မ)မှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၂၀၀ ခန့်တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)