ဇီးကုန်း      အောက်တိုဘာ ၂၀

 

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်၌ ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ ရောင်းချခြင်းမရှိစေရေး၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိ၊ သက်တမ်းလွန် မုန့်နှင့်ဆေးဝါးများ ရောင်းချမှုမရှိစေရေးတို့ကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ ဈေးဆိုင်များနှင့် ကျောင်းဈေး မုန့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

        

ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်မာလွင်နှင့် ဝန်ထမ်းများ၊ စားသုံသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ခင်တို့ ဦးဆောင်သော ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော စုပေါင်းအဖွဲ့သည် ဇီးကုန်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များ၊ ဈေးဆိုင်များနှင့် ကျောင်းဈေးမုန့်ဆိုင်များအား ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ ရောင်းချခြင်း မရှိစေရေး၊ ကုန်အညွှန်းအမှတ် အသားများပြည့်စုံမှု ရှိ/မရှိ၊ သက်တမ်းလွန် မုန့်နှင့်ဆေးဝါးများ ရောင်းချမှုမရှိစေရေးတို့ကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

ထို့ပြင် တရားမဝင်တင်သွင်းပြီး Online ပေါ်တွင်ရောင်းချနေသော ဆေးဝါးများအား ရောင်းချမှု မရှိစေရေး၊ သက်တမ်းလွန် မုန့်နှင့်ဆေးဝါးများ ရောင်းချမှုမရှိစေရေးနှင့် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှုမရှိသော ပစ္စည်းများ မရောင်းချရန်တို့ကို ဆိုင်ရှင်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)