ဇလွန် ၂၀ ဖေဖော်ဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်းနှင့် အင်ဂျင်နီယာအဖွဲ့သည် ကျေးလက်ဒေသများတွင် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေသော ကျုံအီကျေးရွာနှင့် အောင်သပြေ ကျေးရွာတို့အား ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ယင်းသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျုံအီကျေးရွာနှင့် အောင်သပြေ ကျေးရွာတို့တွင် ရှေ့ဆောင်ဦးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသော လေးလက်မပိုက်ဖြင့် အနက်ပေ ၄၀ဝ ရေစက်ရုံ၊ ရေဂါလန် ၂၄၀ဝ ဆံ့ အုတ်ရေကန်နှင့် မှော်ချောင်းကျေးရွာ၊ ဗျည့်ဇင်ကုန်းကြီး ကျေးရွာတို့တွင် လေးလက်မပိုက်ဖြင့် အနက်ပေ ၄၀ဝ ရေစက်ရုံ၊ ရေဂါလန် ၂၀ဝ၀ ဆံ့ အုတ်ရေကန် တူးဖော်ခြင်း လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး စုစုပေါင်းကုန်ကျ ငွေကျပ် (၄၉.၄) သန်းကုန်ကျမည်ဖြစ်သည်။ တူးဖော်ပြီးစီးပါက ကျေးရွာအတွင်းသို့ သန့်ရှင်းသော သောက်သုံးရေ ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။
ငွေသန်း၊ ဝေယံ(ဇလွန်)


