ဘေရွတ် ဒီဇင်ဘာ ၁၅
၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း အစိုးရအစီအစဉ်အရ ဆီးရီးယားဒုက္ခသည် ၃၈၀၀၀၀ မှာ မိမိတို့၏နေရပ်သို့ ပြန်လည်ရောက်ရှိလာကြောင်း လက်ဘနွန်က ဒီဇင်ဘာ ၁၅ ရက်တွင် ကြေညာသည်။
အဆိုပါ နေရပ်ပြန်လာသူများကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ၏ မှတ်ပုံတင်အချက်အလက်များမှ ဖယ်ရှားပေးခဲ့ကြောင်း လူမှုရေးရာဝန်ကြီး ဟန်နင်ဆာယက်က လူမှုကွန်ရက်မီဒီယာပလက်ဖောင်း X တွင် ပြောကြားသည်။ ယခုနှစ်ကုန်မတိုင်မီ နောက်ထပ်ဒုက္ခသည် ၇၄၀၀၀ မှာ လည်း နေရပ်ပြန်ရန်ရည်ရွယ်ထားကြောင်း သိရသည်။
ကမ္ဘာ့ဒုက္ခသည်ဦးရေအများဆုံးရှိသည့် နိုင်ငံများထဲမှ တစ်ခုဖြစ်သည့် လက်ဘနွန်နိုင်ငံသည် ဆီးရီးယားဒုက္ခသည် နှစ်သန်းကျော်ရှိနေခြင်းမှာ ၎င်းတို့၏ ပြည်သူ့ဝန်ဆောင်မှုများ၊ စီးပွားရေးနှင့် လူမှုရေးရာ ပေါင်းစည်းညီညွတ်မှုကို ထိခိုက်စေကြောင်း သိရသည်။
မကြာသေးမီနှစ်များအတွင်း လက်ဘနွန်အစိုးရသည် အမျိုးသားဦးစားပေးတစ်ရပ်အဖြစ် ဒုက္ခသည်များ ပြန်လာရေးအတွက် တိုက်တွန်းထားသည်။
ဆင်ဟွာ


