ပင်းတယ နိုဝင်ဘာ ၂၅

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့  မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျား၊ မ အခြေပြု အကြမ်းဖက်ခံရသူများအတွက် တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသော လုပ်ငန်းများ (One Stop Crisis Center GBV-OSCC)၏  ဆန်းစစ်ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက ကျင်းပသည်။ 

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နောင်က အမှာစကားပြောကြားပြီး ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါတ်တာတင်ဝမ်းက  ကျား၊ မ အခြေပြု  အကြမ်းဖက်မှုပုံစံများနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြကာ ပင်းတယမြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမို့မို့ကြည်က ဆောင်ရွက်လျက်ရှိသော ကျား၊ မ အခြေပြု အကြမ်းဖက်ခံရသူများအတွက် ဝန်ဆောင်မှုလုပ်ငန်းများကို နှစ်အလိုက် ရှင်းလင်းတင်ပြဆွေးနွေးသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်  ဥပဒေအရာရှိ၊    လူမှုဝန်ထမ်းဦးစီးဌာနမှ    မြို့နယ်ဦးစီးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးအရာရှိနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိတို့က အကြံပြုဆွေးနွေးကြ ကာ  အကြံပြုချက်များအပေါ် ရှမ်းပြည်နယ် ဒုတိယပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမေမင်းသိမ့်၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမို့မို့ကြည်တို့က ပြန်လည်ဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။

မိုးမိုးထွေး(ပြန်/ဆက်)