ကာမိုင်း ၁၃ ဖေဖော်ဝါရီ       


ဖားကန့်မြို့နယ် ကာမိုင်းမြို့ပေါ်ရှိ ရပ်ကွက်များတွင် ခြင်ကိုက်ခြင်းမှတစ်ဆင့် ကူးစက်နိုင်သော ရောဂါအန္တရာယ်များ ကင်းဝေးစေရန် တာရှည်ခံ ဆေးစိမ်ခြင်ထောင်များကို ကျန်းမာရေးဌာနမှ ယနေ့ နံနက်ပိုင်းက ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ ဖြန့်ဝေပေးခဲ့ရာတွင် ကာမိုင်းမြို့ပေါ်ရှိ မြို့မရပ်ကွက်(၁)၊(၂)၊(၃)၊(၄)၊ မအူပင်စုရပ်ကွက်နှင့် မြစိမ်းရောင် ရပ်ကွက်များရှိ အိမ်ထောင်စု လူဦးရေအလိုက် ပြည်သူများအား အဆိုပါ ဆေးစိမ်ခြင်ထောင်များကို ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ စေတနာ့ဝန်ထမ်းများနှင့်ရပ်မိ/ရပ်ဖတို့ကကူညီ၍ ဖြန့်ဝေပေးလျက်ရှိကြောင်းနှင့် ကာမိုင်းမြို့၌ ကျန်ရှိသော ကျေးရွာ/ရပ်ကွက်များတွင်လည်း အလှည့်ကျဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ဇွဲသူရအောင် (ပြန်/ဆက်)