ကျောက်ဆည် ၁၉ ဩဂုတ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ခုနှစ် ရေရရှိမှု နည်းလမ်းအလိုက် မိုးစပါး (၅၂၈၁၇) ဧကလျာထားစိုက်ပျိုးလျက်ရှိရာ (၄၂၆၄၇)ဧက စိုက်ပျိုးပြီးစီးကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်၌ မိုးစပါးများစိုက်ပျိုးရာ၌ ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် ဧရာမင်း၊ မနောသုခ၊ ရွှေမနာ်၊ အောင်နိုင်တိုး၊ Gw-11 စပါးမျိုးများ အဓိကထားစိုက်ပျိုးကြပြီး ဧရာမင်း(၄၂၃၀၂) ဧက၊ မနောသုခ(၂၅၅)ဧက၊ ရွှေမနော်(၇၅)ဧက၊ အောင်နိုင်တိုး(၁၅)ဧက စုစုပေါင်း(၄၂၆၄၇)ဧက စိုက်ပျိုးပြီးဖြစ်သည်။ ထို့ပြင် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့သည် လျာထားမိုးစပါးသီးနှံများ ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ရေး တောင်သူများနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးသီးနှံများအောင်မြင်စေရေး သက်ဆိုင်ရာ ဦးစီးဌာနများမှ မျိုးစေ့များ၊ စိုက်နည်းစနစ်များနှင့် စိုက်ပျိုးရေများ လုံလောက်စွာ ပေးဝေရွက်လျက်ရှိကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)


