ကျောက်ဆည် စက်တင်ဘာ ၃

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သည့်လုပ်ငန်းများ ဘဏ္ဍာနှစ်အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဒါန်းတိုင်ကျေးရွာ၌ ကုန်ထုတ်လမ်းဖောက်လုပ်ပေးခဲ့ရာ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်သဖြင့် ဒေသထွက်ကုန်များ ကုန်ကျစရိတ်သက်သာစွာဖြင့် ရာသီမရွေးသယ်ယူနိုင်ပြီး ဖြစ်ကြောင်း  သိရှိရသည်။

 

အဆိုပါ ကုန်ထုတ်လမ်းမှာ အလျား(၂.၀၅)ဖာလုံ၊ အကျယ်(၁၂)ပေ၊ မြေထု(၁)ပေ၊ ဂဝံဂျင်းကျောက်ထု (၉)လက်မ ရှိကြောင်း သိရသည်။

 

အဆိုပါ ကုန်ထုတ်လမ်း ဖောက်လုပ်ပေးခဲ့သောကြောင့် စိုက်ပျိုးမြေဧက(၁၅၀)မှ ထွက်ရှိသော သီးနှံမျိုးစုံအား ကုန်ကျစရိတ်သက်သာစွာဖြင့် ရာသီမရွေး သယ်ယူနိုင်ပြီဖြစ်ကာ ဒါန်းတိုင်ကျေးရွာမှ အိမ်ခြေ(၂၅၅) အိမ်၊ လူဦးရေ (၁၁၂၁)ဦးတို့၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်