ကျောက်ဆည် ဇူလိုင် ၂၉

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌ တိုက်နယ် ၁၂ ခုရှိပြီး ၂၀၂၅ - ၂၀၂၆ ခုနှစ် မိုးသီးနှံများ စိုက်ပျိုးလျက်ရှိရာ တိုက်နယ်ခုနစ်ခု၌ ဇူလိုင်လလယ်အထိ မိုးသီးနှံစုံ ၂၆၂၇ ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

 

မိုးသီးနှံမျိုးစုံစိုက်ပျိုးရာ၌ ချည်မျှင်ရှည်ဝါ ၉၄၆ ဧက၊ ပဲတီစိမ်း ၆၃၁ ဧက၊ ပဲစင်းငုံ ၂၁၇ ဧက၊ ကျွဲ/နွားစာ ၃၀၇ ဧက၊ နှံစားပြောင်း ၁ဝ၇ ဧက၊ ဖူးစားပြောင်း ၇၃ ဧက၊ မိုးနှမ်း ၄၁ ဧက၊ နေကြာ ရှစ်ဧက၊ မြေပဲ ၅၁ ဧက၊ အခြားပဲ ၉၁ ဧက၊ ငှက်ပျော ၇၁ ဧက၊ သရက် ၆၁ ဧက ဧက၊ လျှော်ဖြူ ၁၁ ဧက၊ ကွမ်း ၁၂ ဧက စုစုပေါင်း ၂၆၂၇ ဧက စိုက်ပျိုးပြီးကြောင်းနှင့် မိုးသီးနှံများလျာထားချက် ပြည့်မီကျော်လွန်ရေး ကျေးရွာအုပ်စုများအလိုက် ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်းနှင့် တိုက်နယ် (၇)၌ ဖျောက်ဆိပ်ပင်၊ ရွာသစ်၊ ရေသရောက်၊ ချောင်းဆုံ၊ သရက်ပင်၊ ရဲ၊ ကြောင်၊ ဇရစ်ခဲ၊ အုန်းချော၊ ကြက်သားဟင်း ကျေးရွာအုပ်စု ၁၀ အုပ်စု ပါဝင်ကြောင်း သိရသည်။

 

ကျောက်ဆည်မြို့နယ်အနေဖြင့် လျာထားသီးနှံများ ပြည့်မီ ကျော်လွန်စွာ စိုက်ပျိုးနိုင်ရေး မြို့နယ် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့မှ တောင်သူများနှင့်ပူးပေါင်း၍ စိုက်လျက်ရှိကြောင်းနှင့် စိုက်ပျိုးသီးနှံများ အောင်မြင်ပြီး တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး သက်ဆိုင်ရာဌာနများမှ ဒေသနှင့် ကိုက်ညီသော ပိုးမွှားဒဏ်ခံနိုင်သည့် အထွက်တိုးသီးနှံမျိုးစေ့များ ဖြန့်ဝေလျက်ရှိပြီး သိပ္ပံနည်းကျ စိုက်နည်း စနစ်များ အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)