ကျောက်ဆည် ဇူလိုင် ၂၂

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သော ခရမ်းသီးကို စိုက်ပျိုးကြကြောင်း၊ ခရမ်းသီးကို ရာသီမရွေး စိုက်ပျိုးနိုင်သောကြောင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးကြကြောင်း သိရသည်။

 

ခရမ်းသီးကို ဧပြီလတွင် စိုက်ပျိုး၍ သုံးလကျော်အကြာ ဇူလိုင်လတွင် အသီးများ စတင်ခူးဆွတ်နိုင်ကြောင်း၊ စိုက်ပျိုးရာတွင် မျိုးစေ့ကိုပျိုးထောင်၍ ပျိုးပင်တစ်လခွဲအရွယ်တွင် စိုက်ဘောင်၌ ဘောင်ခတ်စနစ်ဖြင့် အတန်းလိုက်စိုက်ပျိုးကြကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၁၀ သိန်းခန့် ကုန်ကျကြောင်း၊ ခရမ်းသီးကို လေးရက်ခြားတစ်ကြိမ် ခူးဆွတ်ရပြီး တစ်ဧကလျှင် စုစုပေါင်းပိဿာ ၂၀၀၀-၂၂၀၀ ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများက စိုက်ခင်းသို့ လာရောက်ဝယ်ယူကြပြီး ပွဲစားများမှတစ်ဆင့် ကျောက်ဆည်၊ စဉ့်ကိုင်နှင့် မန္တလေးမြို့တို့သို့ တင်ပို့ရောင်းချကြောင်း၊ အထွက်နှုန်းနှင့်ဈေးနှုန်းများ ကောင်းမွန်ပါက အကျိုးအမြတ်များ ပိုမိုရရှိနိုင်ကြောင်း ခရမ်းသီးစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

 

သတင်းရင်းမြစ်- စီးပွား/ ကူးသန်း