ကျောက်ဆည်၊ ဇူလိုင် ၁၇

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြိုနယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများအား အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် စနစ်တကျ လက်ခံစောင့်ကြည်ကုသပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီက ကိုဗစ်-၁၉ ရောဂါသက်သာ၍ ဆေးရုံမှ ပြန်လည်ဆင်းခွင့်ရရှိသူ (၆) ဦးရှိကြောင်း သိရှိရသည်။

 

ကိုဗစ်-၁၉ ရောဂါသက်သာ၍ ဆေးရုံမှ ပြန်လည်ဆင်းခွင့် ရရှိသူများမှာ မြစ်သားမြို့နယ်၊ မုံတောကြီးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းမှ သက်တော် (၇၈) နှစ် သံဃာတော်တစ်ပါး၊ ကျောက်ဆည်မြို့နယ် ဟံမြင့်မိုရ် ကျေးရွာမှ အသက် (၄၀) နှစ် အမျိုးသမီးတစ်ဦး၊ တောင်နံ့သာကျေးရွာမှ အသက် (၅၀) နှစ် အမျိုးသမီးတစ်ဦး၊ ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံကြီးမှ အသက် (၄၃) နှစ်၊ အသက် (၃၇) နှစ်နှင့် အသက် (၃၀) နှစ် အမျိုးသမီး သုံးဦး စုစုပေါင်း (၆) ဦး ဖြစ်ကြောင်း သိရှိရသည်။

 

ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ယနေ့အချိန်ထိ ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးဝါးကုသခဲ့သူ အမျိုးသား (၁၆၉) ဦး၊ အမျိုးသမီး (၁၂၀) ဦး စုစုပေါင်း (၂၈၉) ဦး၊ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ပြည်လည်ဆင်းခွင့်ရရှိသူ အမျိုးသား (၉၅) ဦး၊ အမျိုးသမီး (၄၄) ဦး စုစုပေါင်း (၁၃၉) ဦး၊ သေဆုံးသူ အမျိုးသား (၁၃) ဦး၊ အမျိုးသမီး (၈) ဦး စုစုပေါင်း (၂၁) ဦး၊ လက်ရှိဆေးဝါးကုသခံယူနေသူ အမျိုးသား (၆၁) ဦး၊ အမျိုးသမီး (၆၈) ဦး စုစုပေါင်း (၁၂၉) ဦးရှိကြောင်း သိရှိရသည်။

 

သက်မောင်(ကျောက်ဆည်)