ကျောက်မဲ ၁၉ ဖေဖော်ဝါရီ


အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ ဆိုင်ကယ်စက်ပြင် သင်တန်းကို ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၉ နာရီခွဲ အချိန်က ကျောက်မဲမြို့ ရက်ကန်းနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့ရာ ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ် ကျေးရွာတို့မှ သင်တန်းသား ၂၀ တက်ရောက် သင်ကြားလျက်ရှိပြီး နည်းပြဆရာ ၂ ဦးက စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်သည်။ 


သင်တန်းကာလမှာ ဖေဖေါ်ဝါရီ ၁၉ ရက်မှ မတ်လ ၂၀ ရက် အထိ တစ်လကြာမြင့်မည်ဖြစ်ကြောင်း ကျောက်မဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
 

လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက လက်ရက်ကန်း ၆ လသင်တန်း၊ စက်ရက်ကန်း ၁ နှစ်သင်တန်းတို့ကို ဆက်လက် ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း ရက်ကန်းနှင့် အသက်မွေးဝမ်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်နွယ်နီ၏ ပြောကြားချက်အရ သိရှိရသည်။


MDN