ကျောက်ပန်းတောင်း  ၂၆  ဖေဖော်ဝါရီ          


မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပွေးကျစ်ကျေးရွာအုပ်စု ပွေးကျစ်ရွာနှင့် မဲဒီးကျေးရွာအုပ်စု ပွဲခင်းကျေးရွာသွားလမ်း ဂျင်းမြေသားအမာခံလမ်း ဖောက်လုပ်ခြင်း အရှည် ၃ ဒဿမ ၅ မိုင် အကျယ် ၃၅ ပေကို ကိုယ့်အားကိုယ်ကိုးလမ်း ဖောက်လုပ်လျက်ရှိကြောင်း သိရသည်။

 

123


ယင်းသို့ ဆောင်ရွက်ရာတွင် အလှူရှင် ဦးဝင်းနိုင်ထွန်း(ခေတ္တ စင်ကာပူ)က စက်ယန္တရားနှင့် ကုန်ကျငွေကို လည်းကောင်း၊ စကားဝါမြေဖောင်ဒေးရှင်းမှ ငွေကျပ်သိန်း ၆၀ ကိုလည်းကောင်း၊  ကျေးရွာနေ ပြည်သူများမှပူးပေါင်း ပါဝင်လှူဒါန်းမှု နှင့် မဲဒီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးရဲစိန် ၊ရပ်မိရပ်ဖ ဦးလှမြင့်တို့က ကြီးကြပ်ဆောင်ရွက်ပေခဲ့ရာ ယနေ့အထိ လမ်းအရှည် နှစ်မိုင်ခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။


အဆိုပါလမ်း ပြီးစီးသွားပါက ပွေးကျစ်ကျေးရွာ ၊ ကျွဲတလင်းတောင်ရွာ ၊ ကျွဲတလင်းမြောက်ရွာ ၊ ရွှေဘိုရွာ ၊ ပွဲခင်းရွာ သစ် ၊ ပွဲခင်းရွာ ၊ ပွဲခင်းအလယ်ရွာ ၊ပွဲခင်းပေါက်စံ ၊တောင်ဘက်ကြီးရွာနှင့် နတ်မောက်မြို့နယ် ရွာမွန်ကျေးရွာနှင့် အနီးတစ် ဝိုက်ရှိကျေးရွာများမှ ပြည်သူများ ကျောက်ပန်းတောင်းမြို့သို့ ကုန်စည်းစီးဆင်းမှုနှင့် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေ လွယ်ကူစွာ သွားလာ နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။                                                                                                                


မျိုးညွန့်ရွှေ 

 

123