ကျောက်ထု ၁၀ ဖေဖော်ဝါရီ
ဂန့်ဂေါခရိုင် ကျောက်ထုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနကကြီးမှူး၍ ဌာနဆိုင်ရာများအလိုက် အသိပညာပေး ဟောပြောပွဲကို ယောမြို့ရွာ စုရပ်ဆောင်၌ ယမန်နေ့က ပြုလုပ်သည်။
ဟောပြောပွဲတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းထွေးက အမှာစကားပြောကြားပြီး ကျောက်ထုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးအေးလင်းက လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ အသိပညာအတွက် စာအုပ်စာပေ လေ့လာဖတ်ရှုရေးတို့ကို လည်းကောင်း၊ ကျောက်ထုမြို့နယ်မြေ ရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ်ခင်မောင်ရွှေက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အကြောင်းအရာများကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယလက်ထောက်ဦးစီးမှူး ဦးခင်မောင်မြင့်က စစ်မှန်သောမြေဩဇာ စသည့် ခေါင်းစဉ်များဖြင့် ဟောပြောကြသည်။
ဟောပြောပွဲသို့ ကျေးရွာနေပြည်သူ ၁၀ဝ ကျော် တက်ရောက်ကြောင်း မြို့နယ်(ပြန်/ဆက်)မှ သိရသည်။
MDN


