ကျောက်တံခါး ၁၀ ဖေဖော်ဝါရီ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ကြည်နှင့် အဖွဲ့သည် ယနေ့ နံနက် ၉ နာရီက ကျောက်တံခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

 

ကျောက်တံခါးမြို့နယ်၌ ရပ်ကွက်ကျေးရွာအုပ်စုပေါင်း (၆၄)အုပ်စုရှိပြီး ကောက်ခံရရှိထားသည့် စာရင်းအရ မသန်စွမ်းသူလူဦးရေပေါင်း (၂၄၇၂)ဦးရှိသည့်အနက် ယနေ့တွင် ရပ်ကွက်ကျေးရွာအုပ်စုပေါင်း (၁၄)အုပ်စုမှ မသန်စွမ်းသူလူဦးရေပေါင်း (၈၃၃)ဦးကို တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်း ကျပ် ၂၄၉၉၀ဝ၀ဝ အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ ကျန်ရှိသည့် ရပ်ကွက်ကျေးရွာများမှ မသန်စွမ်းသူများကိုလည်း ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ခင်ကို(ကျောက်တံခါး)