ကျောက်တန်း ဒီဇင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်တွင် အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနက သင်ထောက်ကူပြု မော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင် အရောက် အလုပ်သမားဥပဒေပါရပိုင်ခွင့်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ အသိပညာပေးဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၃ ရက် နံနက် ၉ နာရီခွဲ က ကျောက်တန်းမြို့နယ် သီလဝါဆိပ်ကမ်းဒေသရှိ Elite Petro-chemical Co.,Ltd (ဆီသိုလှောင် ဖြန့်ဖြူးရေးလုပ်ငန်း)နှင့် Padauk Shwe War Port and Petroleum Co.,Ltd (ဆီသိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်း)တို့၌ ပြုလုပ်သည်။

အသိပညာ‌ပေးဆွေးနွေးပွဲတွင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန သီလဝါ အထူးစီးပွားရေးဇုန်ရုံးမှ လက်ထောက်ညွှန်ကြား‌ရေးမှူး ဒေါ်မေမြတ်မွန်နှင့် ဦးစီးအရာရှိ ဒေါ်နုနုယဉ်တို့က ဥပဒေပါရပိုင်ခွင့်များနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာအကြောင်းအရာများကို အသိပညာပေးဆွေးနွေးသည်။

သန့်ဇင်ထွန်း(ကျောက်တန်း)