ကော့သောင်း အောက်တိုဘာ ၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ကော့သောင်းမြို့နယ် (၁၀)မိုင် စိုက်ပျိုးရေးဥယျာဉ်ခြံတွင် ကြားသီးနှံ ( ဝဥ ၊ ငရုတ်ကောင်း၊ ဟင်းသီးဟင်းရွက် ) စိုက်ပျိုးခြင်း ကွင်းသရုပ်ပြခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ကော့သောင်းခရိုင်ဦးစီးမှူး ဦးမြင့်ဇော်က အမှာစကားပြောကြားပြီး (၁၀) မိုင် ဥယျာဉ်ခြံဦးစီးမှူး ဒေါ်ရီရီစိန်က ကြားသီးနှံ ( ဝဥ၊ ငရုတ်ကောင်း၊ ဟင်းသီးဟင်းရွက်) စိုက်ပျိုးခြင်း ကွင်းသရုပ်ပြမှု ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ (၁၀) မိုင် ဥယျာဉ်ခြံဦးစီးမှူးနှင့် တာဝန်ရှိသူများက ဥယျာဉ်ခြံအတွင်း ကြားသီးနှံ( ဝဥ၊ ငရုတ်ကောင်း၊ ဟင်းသီးဟင်းရွက်) သီးနှံများ လက်တွေ့စိုက်ပျိုးကွင်း သရုပ်ပြခဲ့ပြီး တက်ရောက်လာကြသူများက ပူးပေါင်းပါဝင် အားဖြည့် ဆောင်ရွက်ခဲ့ကြသည်။ ယင်း‌နောက် (၁၀)မိုင် ဥယျာဉ်ခြံဦးစီးမှူးက ဥယျာဉ်ခြံအတွင်း ကြားသီးနှံများ စိုက်ပျိုးထားရှိမှုများကို လိုက်လံရှင်းလင်း ပြသခဲ့ရာ တာဝန်ရှိသူများနှင့် တောင်သူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ရူပါမြင့် (ပြန်/ဆက်)