ဆိုးလ်     ဒီဇင်ဘာ     ၂၂

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ကေပေါ့အဆိုတော်ဘီတီအက်စ်အဖွဲ့ဝင် ဂျောင်ကွတ်၏  နေအိမ်အတွင်းသို့  ဂျပန်အမျိုးသမီးတစ်ဦး  ဖောက်ထွင်းဝင်ရောက်မှု ဖြစ်ခဲ့သဖြင့် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

အသက် ၅၀ အရွယ်ရှိ ၎င်းအမျိုးသမီးသည် ပြီးခဲ့သည့်လကဂျောင်ကွတ်၏ နေအိမ်သော့အားဖျက်ကာ  အိမ်အတွင်းသို့ ဝင်ရောက်ခဲ့သည်။

၎င်းအမျိုးသမီးသည် တောင်ကိုရီးယားတွင် နေထိုင်သူမဟုတ်သဖြင့် ရဲတပ်ဖွဲ့က အသေးစိတ် မေးခွန်းများမေးမြန်းခြင်းမပြုနိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်အတွင်းကျင်းပသည့် ပွဲတော်တစ်ခုတွင် ကေပေါ့ဂီတအဖွဲ့ ဘီတီအက်စ်၏ အဆိုတော် ဂျင်အား နမ်းရှုပ်မှုဖြင့် ဂျပန်အမျိုးသမီးတစ်ဦးအား အရေးယူခဲ့ရသည်။             

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန်  - စိုးသူရ