မြိတ် ၁၆ ဖေဖော်ဝါရီ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် မြိတ်တောင်ကျေးရွာရှိ အောင်မင်္ဂလာလူငယ်များ စာကြည့်တိုက်မှ စာကြည့်တိုက်ကော်မတီဝင်များ၊ ကျေးရွာအတွင်းရှိစာပေဝါသနာရှင်လူငယ်များပူးပေါင်းကာ ကျေးရွာစာ ကြည့်တိုက်တန်ဖိုး ပိုမိုသိရှိလာစေရေးနှင့် စာဖတ်ဝါသနာရှင် တိုးပွားလာစေရေးအတွက် ရည်ရွယ်ကာ ဖေဖော်ဝါရီ ၁၅ ရက်၊ ည ၇ နာရီအချိန်တွင် အဆိုပါစာကြည့်တိုက်အရှေ့ကွင်းပြင်တွင် စာပေဟောပြောပွဲ ကျင်းပသည်။
စာရေးဆရာ ဥသျှောင်မှူး(လွိုင်လင်)၊ စာရေးဆရာ မောင်လှမျိုး(ချင်းချောင်းခြံ)နှင့် စာရေးဆရာ မောင်ညိုအေး(ပန်းတော)တို့က စာပေတန်ဖိုး၊ ရသစာပေ၏ အနှစ်သာရ၊ သုတစာပေ၏ ဘဝခွန်အားနှင့် စာကြည့်တိုက်၏တန်ဖိုးကို အမှုမဲ့အမှတ်မဲ့ရှိတတ်ပုံတို့ကို ဟောပြောရာ ကျေးရွာအတွင်းရှိ စာပေဝါသနာရှင်များစွာ လာရောက်အားပေးမှတ်သားကြကြောင်း သိရသည်။
ဇော်မျိုးနိုင်(မြိတ်ခရိုင်ပြန်/ဆက်)


