ကျေးသီး အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးသီးမြို့နယ်တွင် ကျောင်းအခြေပြု အသက်ငါးနှစ်မှ ခုနစ်နှစ် KG ကျောင်းသား ကျောင်းသူများအား ဆုံဆို့ မေးခိုင်ကာကွယ်ဆေး(DT)နှင့် အသက်ကိုးနှစ်မှ ၁၀ နှစ်အရွယ် ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV)ထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် ကျေးသီး အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်သည်။
အသိပညာပေး
ဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မောင်မောင်မြတ်ဗိုလ်သူက ကျောင်းသား ကျောင်းသူများအား ဆုံဆို့ မေးခိုင်ရောဂါကာကွယ်ဆေး (DT) နှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေးရခြင်းနှင့်ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ အသိပညာပေး ပြောကြားသည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အခြေခံပညာ အထက်တန်းကျောင်းရှိ KG ကျောင်းသား ကျောင်းသူ ၄၆ ဦးအား ဆုံဆို့မေးခိုင်ကာကွယ်ဆေးနှင့် အသက်ကိုးနှစ်၊ ၁၀ နှစ်အရွယ် ကျောင်းသူ ၅၃ ဦးအား သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


