ရေး ဒီဇင်ဘာ ၁၅

 

ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပြည်သူများပိုမို ပါဝင်မဲပေးနိုင်ရေးအတွက် “ဒို့အတူတူ မဲပေးကြမယ် ရွေးကောက်ပွဲ လှုံ့ဆော်မှုမြေစိုက်ပိုစတာများ စိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက မွန်ပြည်နယ် ရေးခရိုင် ခေါဇာမြို့အတွင်း လူစည်ကားရာနေရာများ၌ ဆောင်ရွက်သည်။

 

အဆိုပါမြေစိုက်ပိုစတာများ စိုက်ထူခြင်းကို ရေးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြေစိုက်ပိုစတာများကို အမှတ်(၁)ရပ်ကွက် ဗညားဒလလမ်း၊ ဟံသာဝတီလမ်းနှင့် အေးချမ်းသာလမ်းဆုံတို့၌ လည်းကောင်း၊ မြို့တွင်းလူစည်ကားရာနေရာများနှင့် လမ်းဆုံ/လမ်းခွများ၌ လည်းကောင်း စုပေါင်းစိုက်ထူခဲ့ကြကြောင်း သိရသည်။

မင်းမင်း