ချမ်းမြသာစည်နှင့် ပြင်ဦးလွင်မြို့တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော်  ဇူလိုင်  ၃၁

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇူလိုင် ၃၀ ရက် ညနေ ၅ နာရီခွဲတွင် ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်ရှိမြို့ပတ် လမ်းတွင် နေမျိုးဆက်အောင် (ခ)ကိုနေ မောင်းနှင်ပြီး မျိုးသက်ဦး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်နှင့် ပိုပိုဟိန်း မောင်းနှင်ပြီး မသီတာအေး လိုက်ပါလာသည့် TOYOTA Crown အမျိုးအစားမော် တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၉,၂၅၀ ကိုလည်းကောင်း။

 

ဇူလိုင် ၂၈ ရက် ည ၈ နာရီတွင် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၁)၊ ရေငယ်လမ်းဆုံ၊ မန္တလေး-လားရှိုးသွား ကားလမ်းတွင် အိုက်ဆမ်မောင်းနှင်လာသည့် MITSUBISHI FUSO ၁၂ ဘီး အမျိုးအစား မော်တော် ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ထိန်းချုပ်ဓာတုပစ္စည်းဖြစ်သည့် ဟိုက်ဒရိုကလိုရစ် အက်စစ် ,၂၀၀ လီတာ သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)