ဟားခါး ၁၄ ဖေဖော်ဝါရီ    

 

ချင်းတိုင်းရင်းသားတို့၏ (၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ဟားခါးမြို့ ဝမ္မသူးမောင်အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

 

33.++33

 

(၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား ကျင်းပမှုနှင့်အတူ ချင်းရိုးရာ ခွေါင်ကြွဲပွဲ၊ ရိုးရာနပန်း ပြိုင်ပွဲ၊ ရိုးရာအထွတ်အမြတ်တိုင်စိုက်ထူပွဲ(Bawi Tung)၊ ဌာနဆိုင်ရာနှင့် လူမှုရေးအသင်းအဖွဲ့များမှ ပြခန်းများ ဖွင့်လှစ်ပြသမည်ဖြစ်ပြီး ရိုးရာဝတ်စားဆင်ယင်မှုပြိုင်ပွဲ၊ ရိုးရာယဉ်ကျေးမှုအကများနှင့်  စင်တင်တေးဂီတဖျော်ဖြေမှု များ ပါဝင်မည်ဖြစ်ရာ ချင်းအမျိုးသားနေ့ပွဲတော်သို့ မည်သူမဆို လာရောက်အားပေး ပါဝင်ဆင်နွှဲနိုင်ကြောင်း ချင်းအမျိုးသားနေ့ကျင်းပရေးကော်မတီထံမှ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

MDN