ဖလမ်း ၁၈  ဖေဖော်ဝါရီ    

 

(၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ပွဲတော် ကျင်းပသည့် ဖလမ်းမြို့ ဟရန်ထီးယိုအားကစားကွင်း၌ ဖေဖော်ဝါရီ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့များတွင် လာရောက်လည်ပတ်သော အသက်(၄၀)ကျော် ပြည်သူများအား ဖလမ်းမြို့ ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက် မှုပေးမည်ဖြစ်ကြောင်း ဖလမ်းမြို့နယ် ကျန်းမာရေးမှူး ဦးရိုနိုတ်ခါးက ပြောသည်။

 

ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ကျင်းပသည့် ချင်းအမျိုးသားနေ့အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ကျန်းမာရေးမှူး ဦးရိုနိုတ်ခါးက ယင်းကဲ့သို့ တင်ပြဆွေးနွေးခြင်းဖြစ်သည်။

 

ကျန်းမာရေးစောင့်ရှောက်ရာတွင် ချင်းအမျိုးသားနေ့ကျင်းပမည့် ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့ တွင် လာရောက်လည်ပတ်သော အသက်(၄၀)ကျော် မိဘပြည်သူများအား ရှေ့(၁၀)နှစ်တွင် သွေးတိုးရောဂါ ဖြစ်နိုင်မှု ရှိ/မရှိ အခြေအနေများကို အခမဲ့စစ်ဆေးတွက်ချက်ပေးသွားမည်ဖြစ်သည်။

 

အလားတူ ကျန်းမာရေးဌာနနှင့် Save the Children တို့ပူးပေါင်းပြီး ချင်းအမျိုးသားနေ့တွင် လာရောက်လည်ပတ်သော ပြည်သူများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးမေးခွန်းများ မေးမြန်းပြီး ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

 

ဂျွန်