ခိုင်ကမ်း ၁၃ ဖေဖော်ဝါရီ

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၇၁ ဒသမ ၇၈ သန်းဖြင့် ဆောက်လုပ်သည့် ချင်းပြည်နယ်  တီးတိန်မြို့နယ်  ခိုင်ကမ်းမြို့ နယ်မြေမီးသတ်စခန်းဆောက်မှုကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့၌ လုပ်ငန်း၏ ၂၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါနယ်မြေမီးသတ်စခန်းကို Zomi Land ကုမ္ပဏီက တင်ဒါအောင်မြင် ဆောင်ရွက်ခြင်းဖြစ်ပြီး အလျား ၄၅ ပေ၊ အနံ ၃၉ ပေ၊ အမြင့် ၁၅ ပေ သံကူကွန်ကရစ်အမျိုးအစားဖြင့် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ကမ်းမြို့တွင် ယနေ့ထိ ရုံးဖွင့်လှစ်သည့် ဌာန  ၁၂ ခု ရှိသည့်အနက် ဌာန ၈ ခုကသာ ဌာနပိုင်အဆောက်အဦရှိပြီး ဌာန ၄ ခုမှာ ဌာနပိုင်အဆောက်အဦမရှိသေးဘဲ ရုံးခန်းငှားရမ်းဖွင့်လှစ် လျက်ရှိရာ ခိုင်ကမ်းနယ်မြေမီးသတ်စခန်းသည် ရုံးဖွင့်လှစ်ခြင်းမရှိဘဲ ကြိုတင်ဆောက်လုပ်ခြင်း ဖြစ်ကြောင်း ခိုင်ကမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။ 

MDN