မုံရွာ ၁၅ ဧပြီ

 


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့ ချင်းတွင်းမြစ်အတွင်း ယနေ့  နံနက် ၁၀ နာရီခွဲခန့်တွင် လူဦးရေခန့်မှန်း (၄၀ခန့် တင်ဆောင်လာသော ကူးတို့စက်လှေသည် မုံရွာကမ်းဘက်မှ ညောင်ပင်ကြီးဇက်ဆိပ်သို့ကူးရာ လှေဝမ်းအတွင်းသို့ ရေဝင်ရောက်ပြီး နစ်မြုပ်မှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရှိရသည်။

 

ေ

 

အဆိုပါ လှေဝမ်းအတွင်းသို့ ရေဝင်ရောက်ပြီး နစ်မြုပ်မှုဖြစ်ပွားရာသို့ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးစီး၍ ရှာဖွေကယ်ဆယ်ရေး ရေယာဉ် (၄)စီး၊ အရပ်ဘက်စက်လှေ (၃)စီး၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင် (၂၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀)ဦး၊ ရဲတပ်ဖွဲ့ဝင် (၁၀)ဦး၊ ကြက်ခြေနီ (၁၀)ဦး၊ လူမှုကူညီရေးအသင်းမှ (၁၀)ဦးနှင့် ပြည်သူတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

 

ေ

 

ယင်းသို့ ရှာဖွေကယ်ဆယ်ရာတွင် နံနက် ၁၀ နာရီ မိနစ် ၄၀ တွင် နစ်မြုပ်ကူးတို့ စက်လှေပေါ်ပါ နစ်မြုပ်သူ (၃၆)ဦးအား ကယ်တင်နိုင်ခဲ့ပြီး ရေနစ်မြုပ်သူ (၆)ဦးအနက် (၅)ဦး(မစိုးရိမ်ရ)နှင့် သေဆုံးသူ အမျိုးသမီး (၁)ဦးအား နံနက် ၁၁ နာရီတွင် မုံရွာခရိုင်မီးသတ်စခန်းမှ လူနာတင်ယာဉ်၊ အုပ်ချုပ်မှုယာဉ်ဖြင့် မုံရွာမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး မြစ်အတွင်း ရေနစ်ပျောက်ဆုံးသူများ ရှိ/မရှိကို ရှာဖွေကယ်ဆယ်ရေး ရေယာဉ်များဖြင့် ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။

 


MDN