ခင်ဦး ၂၈ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ်တွင် လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော လူနေအိမ်များအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲ့မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်က ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးစိုးဝင်းအောင်က မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ခြေတု၊ လက်တုများ၊ ဂျိုးထောက်၊ ဝှီးချဲနှင့် လိုအပ်သည် များကို (အခမဲ့) ထောက်ပံ့ကူညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် မိမိရပ်ကွက်၊ ကျေးရွာများတွင် ခြေပြတ်လက်ပြတ်လူနာများ၊ ပိုလီယိုမသန်စွမ်း လူနာများ တွေ့ရှိပါက မြို့နယ်ကြက်ခြေအနီအသင်းသို့ အကြောင်းကြားပေးပါရန် ရှင်းလင်းပြောကြားသည်။
ထို့နောက် ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၅ နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော လူနေအိမ် ၅ လုံးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တစ်ကိုယ်ရေ ကျန်းမာရေးသုံး ပစ္စည်းများနှင့် အိမ်သုံးပစ္စည်းများ၊ တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၂၁၀ဝ၀ဝ နှင့် အိမ်သုံးပစ္စည်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သွပ်အချပ် ၁၀ဝ တို့ကို တာဝန်ရှိသူအသီးသီးတို့က သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ချစ်စံ(ခင်ဦး)


