နိုဝင်ဘာ ၂၆ ရက်နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့   ချန်ပီယံလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းက ဘာစီလိုနာအသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး မန်စီးတီးအသင်းကတော့ လေဗာကူဆင်အသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဘာစီလိုနာအသင်းကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းကတော့ ချေပဂိုးပြန်လည်ရရှိရေးကြိုးပမ်းရင်း ပွဲကစားချိန် ၄၄ မိနစ်မှာ အာရူဂျို နှစ်ဝါတစ်နီ နဲ့ ထုတ်ပယ်ခံခဲ့ရလို့  တစ်ယောက်လျော့နဲ့ ကစားခဲ့ရတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ်အမှတ်ပေး ဇယားအဆင့်(၅)နေရာကို ယာယီတက်လှမ်းခွင့် ရရှိခဲ့ပြီဖြစ်ပါတယ်။

မန်စီးတီးအသင်းကတော့ အိမ်ကွင်းအီတီဟက်ဒ်မှာ လေဗာကူဆင်အသင်းကို နှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ   နယူးကာဆယ်အသင်းကို    ရှုံးနိမ့်ခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ ပွဲထွက်ခဲ့တဲ့ ကစားသမားတွေကို ၁၀ ဦးအထိ အပြောင်းအလဲလုပ်ကာ လေဗာကူဆင်အသင်းနဲ့ပွဲစဉ်မှာ ပွဲထွက်လာခဲ့ပေမယ့် ဂိုးပြတ်ရှုံးပွဲကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

အခြားသော ချန်ပီယံလိဂ်ပွဲစဉ်တွေမှာတော့ ဘင်ဖီကာအသင်းက အေဂျက်အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊  ယူနီယံစိန့်ဂီလွိုက်အသင်းက ဂါလာတာစာရေးအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ဂျူဗင်တပ်အသင်းက ဘိုဒိုအသင်းကို သုံးဂိုး-နှစ်ဂိုး၊ ဒေါ့မွန်အသင်းက ဗီလာရီးယဲလ်အသင်းကို လေးဂိုး-ဂိုးမရှိ၊ မာဆေးလ် အသင်းက နယူးကာဆယ်အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ နာပိုလီအသင်းက ကာရာဘတ်အသင်းကို နှစ်ဂိုး-ဂိုးမရှိ စသဖြင့် အနိုင်ရရှိတာဖြစ်ပြီး ဆလာဗီယာပရက်အသင်းနဲ့ ဘီဘာအိုအသင်းတို့ ပွဲစဉ်မှာတော့ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ 

ငွေကြယ်