နေပြည်တော်၊  ၁၁  ဇန်နဝါရီ

“ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/ အဖြေအစီအစဉ်”  (၁၆ ပတ်မြောက်အစီအစဉ်) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းတင်ဆက်သွားမည်ဖြစ်သည်။

 

အစီအစဉ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူ ကျန်းမာရေး ပညာရှင်များမှ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများသိရှိလိုသည့် အချက်များ၊ မေးခွန်းများကို တီဗွီမှန်သားပြင်မှတစ်ဆင့် ပြန်လည်ဖြေကြား ပေးမည်ဖြစ်သည်။

 

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် သိရှိမေးမြန်းလိုသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်းသည့် မေးခွန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန Facebook စာမျက်နှာ၌

 

- ၎င်းပိုစ့်အောက်တွင် comment အနေဖြင့်လည်းကောင်း၊

 

- covid19qa@mohs.gov.mm အီးမေး(လ်)လိပ်စာသို့လည်းကောင်း ပေးပို့မေး မြန်း နိုင်ကြောင်း သိရသည်။

 

အစီအစဉ်ကို အပတ်စဉ် အင်္ဂါနေ့များတွင် ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန Facebook စာမျက်နှာနှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံ နှင့်ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

 

Online မှ တစ်ဆင့်လည်း ပြည်ထောင်စုဝန်ကြီးရုံးခန်း၊ ဆေးသုတေသနဦးစီးဌာန 2019 call center၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန eHealth Unit နှင့်  ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲတို့က ပညာရှင်များတို့မှ National Covid-19 Call Centre "2019"-Myanmar နှင့် Health Literacy Promotion Unit Facebook စာမျက်နှာများမှတစ်ဆင့် ဝင်ရောက်ဖြေကြားပေးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရသည်၊၊

# Ministry of Health and Sports, Myanmar