ကျောင်းကုန်း ဇူလိုင် ၂၁

 

ယခုအခါ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားလျှက်ရှိပြီး ရောဂါကူးစက်ပျံ့ပွားမှု နေ့စဉ်မြင့်တက်လျှက်ရှိသောကြောင့် ရောဂါကူးစက်မှု မခံရစေရေးအတွက် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်  ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လိုက်လံအသိပေး နှိုးဆော်ခဲ့ကြသည်။

 

မိမိတို့နိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါဆိုးကြီးသည် လျှင်မြန်စွာ ကူးစက်ပျံ့နှံ့မှုဖြစ်ပေါ်နေသဖြင့် လူအများ ဒုက္ခဆင်းရဲများဖြစ်ကြပြီး၊ သေဆုံးမှုမြင့်မားလျှက်ရှိရာ ထိုကူးစက်ဖြစ်ပွားနေမှုကို လျော့နည်းစေရေး ထိရောက်စွာကုသထိန်းချုပ်နိုင်ရန် အလွန်အရေးကြီးနေသဖြင့် ပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ဒီရောဂါဆိုးကြီးကို အချိန်တိုအတွင်း ကာကွယ်နိုင်မှာဖြစ်ကြောင်း၊ ထို့ကြောင့် ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား လိုက်နာပေးကြပါရန် ပြည်သူများသို့ အသိပေးတိုက်တွန်း နှိုးဆော်လျှက်ရှိကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)