ကိုကိုးကျွန်း  အောက်တိုဘာ  ၂၂

ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်၌  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများအား စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် အောက်တိုဘာ ၂၁ ရက်က အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ရောင်းချပေးသည်။

ထိုသို့ ရောင်းချပေးရာတွင် တစ်ဦးလျှင် ၅၀ ကျပ်သားစီ ရောင်းချပေးရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများက လာရောက်ဝယ်ယူခဲ့ကြောင်း သိရသည်။                   

ထွန်းထွန်းဇော်(ပြန်/ဆက်)