ကျိုက်လတ် စက်တင်ဘာ ၇

 

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်အတွင်းရှိ ပြည်သူများ စားသုံးဆီများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန် စက်တင်ဘာ ၆ ရက် မွန်းလွဲပိုင်းက ကျေးရွာများအရောက် စားသုံးဆီများ ရောင်းချပေးသည်။

 

အဆိုပါ စားသုံးဆီရောင်းချရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးမင်းသန်းနှင့် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ကကြီးမှူး၍ အောင်သပြေခိုင်ကုမ္ပဏီမှ ဖြန့်ဖြူးသည့် စားသုံးဆီ တစ်ပိဿာလျှင် ၇၂၁၇ ကျပ်နှုန်းဖြင့် ထင်းကွင်းကျေးရွာနှင့် ကလပ်ရပ်ကျေးရွာတို့ရှိ ပြည်သူများအား စားသုံးဆီဖူလုံစေရေးအတွက် ရောင်းချပေးခြင်းဖြစ်သည်။ ထို့နောက် ကျိုက်လတ်မြို့နယ် ဆီကုန်သည်ကြီးများအသင်းနှင့် ဆီလုပ်ငန်းရှင်များ ပူးပေါင်း၍ သတ်မှတ်ရက်များအလိုက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင်လည်း စားသုံးဆီကို ဈေးနှုန်းချိုသာစွာဝယ်ယူနိုင်ရန် လှည့်လည်၍ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

လှိုင်မင်းအောင်(ပြန်/ဆက်)