ကျိုက်မရော အောက်တိုဘာ ၁၆
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA)နှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်ဆိုင်ရာ နှုတ်ဖြေပြိုင်ပွဲ ကျောင်းအဆင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းက ကျိုက်မရောမြို့နယ် ရှမ်းရွာကြီး ကျေးရွာ မြစိမ်းတောင် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ပြုလုပ်သည်။
အခမ်းအနားတွင် ဗဟိုဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) ဒုတိယဥက္ကဋ္ဌ ဦးကြည်သိန်း၊ ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဥက္ကဋ္ဌ ဦးအောင်မိုးတို့က သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်ဆိုင်ရာ နှုတ်ဖြေပြိုင်ပွဲ ကျောင်းအဆင့် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။ အဆိုပါပြိုင်ပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၆၄၆ ဦးတို့ လာရောက်ယဉ်ပြိုင်ကြရာ ဆုရရှိသူများနှင့် သင်ကြားပေးခဲ့သည့် ဆရာ ဆရာမများအား တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။
ကျိုက်မရော(ပြန်/ဆက်)


