ကျိုက်မရော ၁၀ ဖေဖေါ်ဝါရီ
မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်အတွင်းရှိ ကြံစိုက်တောင်သူများအား ကြံသီးနှံစိုက်နည်းစနစ် တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ငပြေမကျေးရွာအုပ်စုရှိ ကြံစိုက်ခင်းဇုံ(၁)၌ ကျင်းပပြုလုပ်ခဲ့သည်။
သရုပ်ပြပွဲသို့ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေး၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်ဇော်ဦး၊ ကြံစိုက်ပျိုးရေး နည်းပညာရှင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကြံစိုက်တောင်သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါသရုပ်ပြပွဲတွင် ကြံစိုက်ပျိုးရေး နည်းပညာရှင်များက တောင်သူပညာပေး လုပ်ငန်းများကို လက်တွေ့သရုပ်ပြခဲ့ကြကြောင်း ကျိုက်မရော (ပြန်/ ဆက်)မှ သိရသည်။
MDN


