ကျိုက်ထို နိုဝင်ဘာ ၁၈
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်မည့် နည်းပညာများနှင့် စပါးအထွက်နှုန်း ကွာဟချက်များ ဆန်းစစ်လေ့လာခြင်းနှင့် အကြိုစစ်တမ်းကောက်ယူခြင်းပညာပေးသင်တန်းကို နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ကျင်းပသည်။
ဦးစွာ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးဝင်းဗိုလ်က သင်တန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ် ဦးစီးမှူး ဦးမျိုးမင်းထွန်းက စပါးအထွက်နှုန်း ကွာဟချက်များ ဆန်းစစ်လေ့လာခြင်းနှင့် အကြိုစစ်တမ်းကောက်ယူခြင်းကို ဆွေးနွေးပို့ချပြီး ပြည်နယ် မြေ၊ မျိုး၊ ရေ၊ နည်းဘာသာရပ် ကျွမ်းကျင်သူများမှ ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့ရှိ သင်တန်းသား သင်တန်းသူ ၅၀ တို့အား စာတွေ့လက်တွေ့ နှစ်ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုး(ပြန်/ဆက်)


