ကျိုင်းတုံမြို့၌ ဇီဝိတဒါန ငါးလွှတ်ပွဲ ကျင်းပ

ကျိုင်းတုံ   ဇန်နဝါရီ   ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဇီဝိတဒါန ငါးလွှတ်ပွဲကို ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက ကျိုင်းဖောင်းချောင်းတွင် ပြုလုပ်သည်။

ငါးလွှတ်ပွဲသို့ သီလဓမ္မကုန်းသာ တောရကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကောဝိဒ (ဝစီပိတ်ဆရာတော်)၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်း၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး ကျိုင်းဖောင်းချောင်း အတွင်း ငါးသားပေါက်မျိုးစုံ လွှတ်ပေးခြင်းဖြင့် ဇီဝိတဒါန ကုသိုလ်ရယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)