ကျိုင်းတုံ အောက်တိုဘာ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနတို့ ပူးပေါင်း၍ ၂ဝ၂၅-၂ဝ၂၆ ခုနှစ် မိုးစပါး (အောင်နိုင်တိုး) မျိုးသန့်ပွားစိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းအခမ်းအနားကို အောက်တိုဘာ ၂၅ ရက်က ယန်းလောကျေးရွာအုပ်စု တောင်သူ ဦးစိုင်းယီတစ်၏ လယ်မြေတွင် ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှဝင်းက မိုးစပါးစံကွက်ရိတ်သိမ်းရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကျိုင်းတုံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေ၊ မြို့နယ်ဥက္ကဋ္ဌ ဦးစောမင်းသူ၊ တာဝန်ရှိသူများနှင့် တောင်သူများက ရိတ်သိမ်းခြွေလှေ့စက်ဖြင့် စံကွက်ရိတ်သိမ်းမှုအား ကြည့်ရှုအားပေးကြသည်။
အဆိုပါ မိုးစပါး(အောင်နိုင်တိုး) စံကွက်ရိတ်သိမ်းရာတွင် အစို ၁၀၀ ဒသမ ၈၄ တင်း ထွက်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)


