ကျိုင်းတုံနှင့် တာချီလိတ်မြို့နယ်တို့တွင်မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၁၃

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၁၂ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ကျိုင်းတုံမြို့နယ်၊ ကောင်းကျန့်ကျေးရွာအနီးတွင် ကျဝကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း၊ ထိုနေ့  ည ၇ နာရီ မိနစ် ၄၀ တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် စိုင်းခမ်းလှ မောင်းနှင်ပြီး စိုင်းလင် (ခ) စိုင်းဆိုင်လွင် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ကတ်တမင်း ၂ ကီလိုကို သိမ်းဆည်းရမိခဲ့သဖြင့်  ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား