စုကလိ  ၂၀  ဖေဖော်ဝါရီ      


ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယနေ့နံနက်၁၀ နာရီက စုကလိမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး စုကလိမြို့ မဲကုလားအုပ်စု ကျေးရွာအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂)နှစ်အောက် ကလေးငယ် ၄၅ ဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ်၄၅၀ဝ၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၂၀၂၅၀ဝ၀ အား မြို့အုပ်ချုပ်ရေးမှူးမှ ပေးအပ်ရာ မဲကုလားကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်က လက်ခံရယူခဲ့သည်။  


ယင်းသို့ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက်ကလေးငယ်များအတွက် နိုင်ငံတော်အစိုးရမှ (၃) လတစ်ကြိမ်ထောက်ပံ့ပေးလျှက်ရှိကြောင်း သိရသည်။
   

အောင်စံထွန်းပြန် /ဆက်

 

123