ကလော အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန၌ အောက်တိုဘာ ၁၉ ရက်က ကွန်ပျူတာအခြေခံပညာသင်တန်း ၁/၂၀၂၂ သင်တန်းကို အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
သင်တန်းတွင် ကလောမြို့ပေါ်ရှိ သင်တန်းသား၊ သင်တန်းသူ ၁၀ ဦးတို့ကို အောက်တိုဘာ ၁၉ ရက်မှ နိုဝင်ဘာ ၂၅ ရက်နေ့အထိ စာတွေ့လက်တွေ့ အခမဲ့သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို လူငယ်လူရွယ်များ အသိပညာ အတက်ပညာများကို လက်တွေ့ကျကျအသုံးချ တက်စေရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


