ကလောမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၁၈

ကလောမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၁၇ ရက် ညနေ ၃ နာရီ ၂၀ မိနစ်တွင်  ကလောမြို့နယ် တောင်ကွဲကျေးရွာအုပ်စု ပထမကျေးရွာအနီးတွင် ကျော်ဝင်းအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၄,၀၀၀ ကိုလည်းကောင်း၊ ဇွန် ၁၆ ရက် ညနေ ၆နာရီတွင် နောင်ချိုမြို့နယ် တောင်ရှည်ကျေးရွာအုပ်စု မကျည်းရေကျေးရွာ ရပ်စောက်-နောင်ချိုသွားကားလမ်း၊ ဒုဌဝတီတံတားတွင် သက်ဝေစိုး မောင်းနှင်ပြီး လှဝင်းမြင့် လိုက်ပါလာသော Honda Insight အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်