ကလေးနှင့်စမ်းချောင်းမြို့နယ်တို့တွင်  မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော် ဧပြီ ၂၄

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၂ ရက်  ညနေ ၅ နာရီခွဲတွင် ကလေးမြို့နယ်၊ အင်ဒိုင်းကြီးကျေးရွာအုပ်စု၊ အင်ဒိုင်းလေးကျေးရွာ အနီးတွင် မင်းမင်းထွန်း မောင်းနှင်လာသည့် ဆိုင်ကယ်ဆိုက်တွဲယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၂ ဒသမ ၂ ကီလို ကိုလည်းကောင်း။

ဧပြီ ၂၃ ရက် ညနေ ၅ နာရီခွဲတွင် စမ်းချောင်းမြို့နယ်၊ မြေနီကုန်း(တောင်)ရပ်ကွက်၊ ဗားကရာလမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ ကျော်ဝင်း ကိုစစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား