ကျိုက်ထို ၁၉ ဖေဖော်ဝါရီ 


မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ဉာဏ်တော် ၂၅၅ ပေ ၆ လက်မအမြင့်ရှိ ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကို ကျိုက်ထိုမြို့ မူလဘူတ သာသနာ့အောင်မြေ ရှေးဟောင်းသမိုင်းဝင် ဘုရားသုံးဆူ တောင်ပေါ်၌ တည်ဆောက်လျှက်ရှိရာ လာရောက်ဖူးမြော် ကြည်ညိုကြသည့် ရဟန်းရှင် လူပြည်သူများကို နေ့စဉ် ရက်ဆက် လှူဒါန်းကျွေးမွေးနိုင်ရန်အတွက်  ရွှေနဂါး
သစ်သီးယိုစုံမိသားစုများဖြစ်သော အလှူရှင် ဦးခွန်ဖေမြ၊ ဒေါ်သန်းသန်းအေး၊ ညီမဒေါ်ညွန့်ဖုံ နှင့်သားသမီး မြေးမြစ်များက ယနေ့ နံနက် ၉ နာရီတွင် ရွှေနဂါး စတုဒီသာ သုံးထပ် ကျောင်းဆောင်ကို ဆောက်လုပ်လှူဒါန်းခဲ့သည်။

 

123


အဆိုပါ သုံးထပ်ကျောင်းဆောင်မှာ အလျား ပေ ၈၀ အနံပေ ၄၀ ဖြစ်ပြီး တန်ဖိုးငွေကျပ်သိန်း (၃၀ဝ၀) ကျော်ဖြစ်ပြီး ဓမ္မသဘင်ကျင်းပရန် ဟောခန်းမအပါအဝင် စားသောက်ခန်း၊ နားနေခန်း၊ သန့်စင်ခန်း၊ ဧည့်ခန်းများပါဝင်ကြောင်း သိရသည်။


ဝင်းမောင်(ကျိုက်ထို)

 

123